ရေခဲမုန့်ရောင်းစားရတဲ့ ဂိမ်းလေးပါ..
link ကဒီမှာပါ..
Apprentice DQ Demo
Saturday, April 26, 2008
Apprentice DQ Demo (Info)
Aqua Field (Info)
ငါးသားအမိကို အစာကြွေးရတဲ့ ဂိမ်းလေးပါ...
ကိုယ်က ငါအမေကြီးကိုပဲ control လုပ်ရပါတယ်..
ကိုယ့်သွားတဲ့ လမ်းကြောင်းအတိုင်း ငါးပေါက်ကလေးတွေကလိုက်ကြပါတယ်..
အဲဒီလိုနဲ့ ငါးပေါက်ကလေးတွေကို ရန်သူငါးအစားမခံရအောင်ရှောင်တိမ်းပြီး အစာရှိတဲ့ဆီကို ရောက်အောင်သွားပေးရပါတယ်..
link ကဒီမှာပါ..
Aqua Field
Armadillo Knight (Info)
Mario လိုမျိုး side scrolling ဂိမ်းတစ်ခုပါ...
ဒီမှာသွားဆော့နိုင်ပါတယ်..
Armadillo Knight
Samurai Warrior (Info)
street fighter လို fighting ဂိမ်းတစ်ခုပါ..
link က ဒီမှာပါ..
Samurai Warrior
Bug on a wire (Info)
ဓာတ်ကြိုးတွေပေါ်မှာ ပုရွက်ဆိတ်တစ်ကောင်အနေနဲ့ ပြေးပြီးဆော့ရတဲ့ ဂိမ်းဖြစ်ပါတယ်..
ဒီမှာသွားဆော့ကြည့်လိုက်ပါ...
Bug on a wire
Sunday, April 6, 2008
Plantasia (Info)
ဒီ game ကတော့ PlayFirst ကထုတ်တဲ့ PlantAsia ဆိုတဲ့ game ပါ..
ဥယျာဉ်တစ်ခုမှာ စိုက်ပျိုးရတဲ့ gardener တစ်ယောက်အနေနဲ့ ဆော့ရတာပါ..
free demo version ကို ဒီကနေ download လုပ်နိုင်ပါတယ်..
flash version ကိုဒီမှာလာဆော့နိုင်ပါတယ်..
Plantasia
Saturday, April 5, 2008
အိပ်ပါတော့မယ်...
ဒီတစ်ရက် နှစ်ရက်လုံး ဒီ game တွေတင်လိုက်... review လေးရေးလိုက်နဲ့လုပ်နေတာပါ...
အခု မနက် ၄နာရီခွဲ ပါပြီ.. မိုးလင်းတော့မှာဖြစ်တဲ့အတွက် အိပ်ပါတော့မယ်...
အခုအချိန်ထိ game ပေါင်း ၃၁ ခုတင်ပြီးသွားပါပြီ...
နောက်ပိုင်းကိုလည်း ဆက်တင်သွားပေးမှာဖြစ်ပါတယ်...
အဲဒါကြောင့် ကျွန်တော့် blog ကို နောက်တစ်ခေါက် ထပ်ဝင်ကြည့်ဖို့ ကြိုတင်ပြီး invite လုပ်ထားပါရစေ...
Luncheon of the Dead (Info)
ဒီဂိမ်းကတော့ resident evil လိုလိုဘာလိုလိုမို့လို့ ဆော့ကြည့်မိတာပါ...
ကျွန်တော်တော့ သိပ်မကြိုက်ဘူး..
ဒါပေမယ့် တစ်ယောက်ယောက်တော့ ကြိုက်ချင်ကြိုက်မှာပဲဆိုပြီးတင်ထားလိုက်တာ.. :D
link ကဒီမှာပါ..
Luncheon of the Dead
Mini Putt 3 (Info)
golf game အသေးလေးပါ...
ဆော့ရတာ ပျော်ဖို့ကောင်းပါတယ.်.
Here...
Mini Putt 3
Bobblehead Basketball (Info)
basketball game အသေးလေးဖြစ်ပါတယ်..
player ကို customize လုပ်လို့ရပါတယ်..
အပျင်းပြေဆော့လို့ကောင်းပါတယ်..
ဒီမှာပါ..
Bobblehead Basketball
Tennis Ace (Info)
game လေးက tennis ရိုက်တဲ့ game ..
တော်တော်လေးစုံလင်အောင်လုပ်ထားတယ်..
player ရွေးတာ.. ကွင်းရွေးတာက အစလုပ်လို့ရတယ်..
game က loading နည်းနည်းတော့ကြာတယ်..
link ကဒီမှာပါ...
Tennis Ace
Deluxe Pool (Info)
billiard game ကြိုက်တဲ့သူတွေအတွက် game ကောင်းလေးတစ်ခုပါ..
ဒီမှာသွားဆော့ကြည့်နိုင်ပါတယ်..
Deluxe Pool
Racehorse Tycoon (Info)
ပြိုင်မြင်းပိုင်ရှင်တစ်ယောက်အနေနဲ့ ကစားရတာဖြစ်ပါတယ်.. manager game ကြိုက်တဲ့သူတွေဆိုရင်တော့ အပျင်းပြေဆော့ရတာ အရသာတွေ့ပါလိမ့်မယ်.. ဒီ game ကို ဆော့တဲ့အခါမှာ flash ကို ကိုယ့် hard drive ပေါ်မှာ file တွေ save ဖို့ allow လုပ်ရပါတယ်..
ဘာတွေသွားသိမ်းလဲတော့မသိပါဘူး...
ဒီမှာ သွားဆော့နိုင်ပါတယ်...
Racehorse Tycoon
Sushi Go Round (Info)
ဒါကတော့ dinner dash တို့.. cake mania တို့လို ဆိုင်ဖွင့်ပြီး customer တွေကို service ပေးရတဲ့ game မျိုးပါ..
အချိန်ပေးပြီးဆော့ရပါတယ်.. ဒီလို game အမျိုးအစား (genre) တွေကြိုက်တဲ့လူအတွက်ကတော့ အချိန်ဖြုန်းလို့တော်တော်ကောင်းတဲ့ game တစ်ခုဖြစ်ပါတယ်..
ဒီမှာ သွားဆော့ကြည့်နိုင်ပါတယ်...
Sushi Go Round
Pimp My Grill (Info)
အတုံးသုံးတုံး အစဉ်လိုက်ဖြစ်အောင်ဆက်ရတဲ့ (Match 3) game အမျိုးအစားလေးပါ...
ဒါပေမယ့် ဒီအတုံးတွေစီရတဲ့ နေရာက rapper တွေရဲ့ပါးစပ်ထဲမှာဖြစ်နေတာကတော့ ဒီဂိမ်းရဲ့ထူးခြားချက်လေးတစ်ခုပါ...
ဒီမှာသွားဆော့ကြည့်လိုက်ပါ..
Pimp My Grill
Naughty Gym Class (Info)
ကျွန်တော်တော့ကောင်းကောင်းမဆော့တတ်သေးဘူးဗျ.. ဒီ game ကို..
သူပြောထားတာကတော့ ပစ္စည်းတွေရှာရမယ်..
ရှာတွေ့တဲ့အတွဲမှန်ရင် တစ်ခုခုဖြစ်မယ်တဲ့...
game link ကဒီမှာပါ...
Naughty Gym Class
Synapsis (Info)
ဒီ game ကဖွက်ထားတဲ့ပစ္စည်းတွေကို ရှာရတာပါ...
နည်းနည်းစိတ်ဝင်စားဖို့ကောင်းပါတယ်..
ဘာလို့လဲဆိုတော့ ရှာထားတဲ့ပစ္စည်းတွေကို သူ့နေရာနဲ့သူပြန်သုံးရတာမို့လို့ပါ...
game link ကဒီမှာပါ...
Synapsis
Trial & Terror (Info)
သူများအခန်းထဲကို ခိုးဝင်ပြီး ပေးထားတဲ့အချိန်အတွင်းမှာ လိုအပ်တဲ့ပစ္စည်းတွေရှာရမှာဖြစ်ပါတယ်..
level 1 ကတော့ ပင်လယ်ဓားပြအ၀တ်အစားတွေဝတ်ဖို့ ရှာပေးရတာပါ...
ပထမဆုံး player ကောင်လေးရဲ့အင်္ကျီတွေကို အမှိုက်ပုံးထဲထည့်ပစ်ရပါတယ်..
ပြီးရင် ပင်လယ်ဓားပြအင်္ကျီကိုရှာပြီး mouse နဲ့ ကောင်လေးပေါ်ကို drag ဆွဲလာရပါမယ်..
စိတ်ဝင်စားရင်တော့ ဆက်သာဆော့ကြည့်လိုက်ပါတော့..
game link ကဒီမှာပါ...
Trial & Terror
Naughty Classroom (Info)
ပစ္စည်းအတွဲတွေကို ရှာပြီး click လုပ်ရတာပါပဲ..
မှန်ရင်ဘာဖြစ်လဲကတော့ ကိုယ့်ဟာကိုပဲဆော့ကြည့်ပါတော့...
Naughty Classroom
Presidential Paintball (Info)
US president candidate တွေထဲကကိုယ်ကြိုက်တဲ့ တစ်ယောက်ကိုရွေးပြီး ကျန်တဲ့ candidate တွေနဲ့ ပစ်ရ ခတ်ရတဲ့ game ပါ.. ကျည်ဆံအစား အရောင်ဆေးတွေထည့်ပြီးပစ်ရတာပါ...
ပေါ့ပေါ့ပါးပါးနဲ့ ဆော့လို့မဆိုးပါဘူး...
game link ကဒီမှာပါ...
Presidential Paintball
Halo (Info)
Halo game လိုမျိုး flag လုရတဲ့ game ကို flash နဲ့လုပ်ထားတာပါ...
ဒီမှာသွားစမ်းကြည့်နိုင်ပါတယ်..
Halo
Snow Line (Info)
ဒီ game လေးကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်..
santa clause ကြီးကိုပေးထားပါတယ်..
သူလိုက်ယူရမယ့် parcel ထုပ်တွေကိုလည်းချထားပေးပါတယ်..
အဲဒီမှာ.. santa clause ကြီးသွားရမယ့်လမ်းကြောင်းကို ကိုယ်ကခဲတံနဲ့ လိုက်ဆက်ပေးရပါတယ်...
target ကိုရောက်အောင်ဆက်ကြည့်ပါ...
ံlink ကဒီမှာ..
Snow Line
Deep Freeze (Info)
ငယ်ငယ်တုန်းကဆော့တဲ့ family game console က game တွေလိုပါပဲ...
ခဏအပျင်းပြေဆော့လို့တော့ ကောင်းပါတယ်..
ဒီမှာပါ...
Deep Freeze
Ice Slide (Info)
ဖျံလေးတစ်ကောင်ကို လေးခွနဲ့ပစ်သလို ပစ်ပြီးဘယ်လောက်အဝေးဆုံးရောက်လဲဆိုတာကို ပြိုင်ဆော့ရတဲ့ game ပါ... ဘော်ဒါနှစ်ယောက်လောက်ရှိရင် ပြိုင်ဆော့လို့ရတာပေါ့... game play က သိပ်မထူးဆန်းပေမယ့် character လေးတွေနဲ့ graphic လေးတွေကတော့ ချစ်စရာလေးတွေပါ...
ဒီ link မှာသွားဆော့နိုင်ပါတယ်..
Ice Slide
Balance (Info)
ကျွန်တော်တို့ငယ်ငယ်က ကြက်တောင်ရိုက်ရင် ဘက်တန်ကိုလက်တစ်ချောင်းတည်းနဲ့ balance ဖြစ်အောင်ထိန်းဖူးကြတာကို သတိရစေပါတယ်... mouse ကိုသုံးပြီး racket ကို balance ဖြစ်အောင်ထိန်းရတာပါ... ကောင်းကင်ကနေ ပစ္စည်းတွေပြုတ်ကျလာတာကိုလည်းရှောင်ရပါသေးတယ်..
game link ကဒီမှာပါ.
Balance
Monkey Kick Off (Info)
Ice slide game လိုပဲ မျောက်ကန်တဲ့ဘောလုံးကို အဝေးဆုံးရောက်အောင် ဆော့ရတာပါ...
ဒီမှာသွားဆော့ကြည့်လိုက်ပါ...
Monkey Kick Off
Ping Pong (Info)
ping pong ဘောလုံးလေးကို အောက်မကျပဲ ဘယ်နှစ်ချက်တော့နိုင်လဲ...
သိပ်တော့မလွယ်ပါဘူး.. ဆော့ရတာပျော်ဖို့ကောင်းပါတယ်..
ဒီမှာ သွားဆော့ကြည့်လိုက်ပါ..
Ping Pong
Acid Factory (Info)
စက်ရုံထဲမှာပိတ်မိနေတဲ့ ကောင်လေးတစ်ယောက်အနေနဲ့ကစားရပါတယ်.. acid ကန်တွေထဲမကျအောင် သတိထားရသလို ရန်သူတွေနဲ့လဲ မထိအောင်သတိထားပြီး စက်ရုံထဲမှာရှိတဲ့ battery တွေကို လိုက်စုရပါတယ်.. battery တွေအကုန်ရပြီဆိုရင် portal activate ဖြစ်သွားပြီး နောက်တစ်ခန်းကိုရောက်သွားပါတယ်..
ဒီမှာ သွားဆော့ကြည့်လိုက်ပါ..
Acid Factory
Pinball Woman (Info)
လေထဲမှာရှိတဲ့ ပစ္စည်းတွေကိုတစ်ဆင့်ချင်းစီသုံးပြီး... မြေပေါ်ပြန်မကျအောင် ဘယ်လောက်ကြာကြာဆော့နိုင်လဲ ဆိုတာကို ပြိုင်ရတာပါ...
link ကဒီမှာပါ...
Pinball Woman
Cirplosion (Info)
ဒီ game လေးကိုတော့တော်တော်ကြိုက်ပါတယ်..
ဘယ်လိုပြောရမှန်းမသိလို့ ကိုယ့်ဟာကိုသာဆော့ကြည့်လိုက်ပါတော့.. :D
ဒီမှာသွားဆော့နိုင်ပါတယ်...
Cirplosion
Fratboy House Wars (Info)
အိမ်ခေါင်မိုးတွေပေါ်ကနေပြီး တစ်ဖက်နဲ့တစ်ဖက်ပစ္စည်းတွေနဲ့ ပစ်ပေါက်ပြီးဆော့ရတာပါ...
Mouse ကိုသုံးပြီး direction နဲ့ velocity ရအောင်လုပ်လိုက်ပြီး mouse ကိုလွှတ်လိုက်ရင် ပစ်ပါတယ်..
တစ်ဘက်ကလူတွေအားလုံးကို ထိပြီးနိုင်အောင်ကစားရမှာဖြစ်ပါတယ်..
link ကဒီမှာပါ...
Fratboy House Wars
Fisher (Info)
ဆင်အနင်းမခံရပဲ ဘယ်လောက်ကြာကြာနေနိုင်လဲဆိုတာကို ဆော့ရတာပါ...
ဒီ link ကိုသွားဆော့နိုင်ပါတယ်...
Fisher
Mountain Bike (Info)
ဒီ game ကိုတော့ လောလောဆယ်အကြိုက်ဆုံးပဲ...
တောင်တွေကြားမှာ mountain bike စီးရတဲ့ game...
stunt တွေလဲ လုပ်လို့ရတယ်.. လမ်းတွေကလည်း ဆော့လို့ကောင်းတယ်..
game page ကဒီမှာပါ..
Mountain Bike
Supreme Extreme Snowboarding (Info)
snowboard စီးရတဲ့ game ပါ.. စက်ဘီး game လိုပဲတော်တော် ဆော့လို့ကောင်းပါတယ်..
ဒီမှာ သွားဆော့နိုင်ပါတယ်..
Supreme Extreme Snowboarding
Dragon Warriors (Info)
Platform game .. side scrolling game တစ်ခုပဲ..
ဓားခုတ်၊ လှံထိုးနဲ့ ဆော့လို့တော့ကောင်းပါတယ်..
ဒီ link ကိုသွားဆော့လိုက်ပါ...
Dragon Warriors
Friday, April 4, 2008